Verse 10 — Surah Ta-Ha 20:10

(တမန်တော်မူဆာသည် မိသားစုနှင့်အတူ သဲကန္တာရခရီးထွက်ခဲ့ရာ တမန်တော်) မူဆာသည် မီးကို မြင်လေသော် သူ့မိသားစုအား ''သင်တို့သည် (ဤနေရာ၌ပင် ခဏ) စောင့်နေကြလော့။ ဧကန်ပင်၊ ကျွန်ုပ်သည် မီးတစ်မျိုးကို တွေ့မြင်ခဲ့ပြီဖြစ်ရာ ယင်းမီးမှ မီးကျီးမီးခဲကို အသင်တို့ထံ ယူဆောင်လာနိုင်ကောင်း ယူဆောင်လာနိုင်၏။ သို့တည်းမဟုတ် ကျွန်ုပ်သည် ယင်းမီးပေါ်အခြေခံ၍ လမ်းညွှန် တစ်စုံတစ်ရာကို တွေ့ရှိနိုင်၏။'' ဟု ပြောဆိုလေ၏။