Verse 105 — Surah Ta-Ha 20:105

(တမလွန်ဘဝကို မယုံကြည်သော မိစ္ဆာဝါဒီများက ကမ္ဘာပျက်မည့်နေ့အကြောင်း မေးမြန်းကြစဉ်) သူတို့သည် အသင် (တမန်တော်) အား တောင်များနှင့်စပ်လျဉ်း၍ (မည်သို့မည်ပုံ ဖြစ်မည်ကို) မေးမြန်းနေကြ ၏။ သို့ဖြစ်ပေရာ (သူတို့အား) “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ယင်း (တောင်များ) ကို (အစိတ်စိတ်အပိုင်းပိုင်း ဖြစ်အောင်ပေါက်ကွဲစေတော်မူ၍) အမှုန်များအဖြစ် လွင့်ပါးစေတော်မူမည် ဖြစ်၏။” ဟု ဖြေဆိုဟောပြောလော့။