Verse 111 — Surah Ta-Ha 20:111

ထို့ပြင် (ထိုတမလွန်တရားစီရင်မည့်နေ့တွင် လူသားတို့၏) မျက်နှာများမှာ ထာဝရရှင်နေတော်မူသော၊ တည်ရှိမြဲအတိုင်း အစဉ်တည်ရှိနေတော်မူသောအရှင်မြတ်၏ရှေ့တော်မှောက်ဝယ် (ကျိုးနွံစွာဖြင့်) အောက် ကျို့လျက် ရှိကြပေမည်။ သို့သော် (အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍) မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံမှုအထုပ်ကိုသာ ထမ်းရွက်လာခဲ့ကြသူတို့မှာမူကား (လုပ်ရပ်များ၏အကျိုးဆက်များကို ပျက်ပြယ်ဆုံးရှုံးခံရလျက်) မုချပင် ကျဆုံးကြလိမ့်မည်။