Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 20 - Ta-Ha
Translation by Alin U Yin — Permalink
Verse 113 — Surah Ta-Ha 20:113
ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယင်း (ကျမ်းတော်) ကို စကားပြေပြစ်ကောင်းမွန်လှသော အာရဗီဘာသာဖြင့် ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် ထုတ်ပြန်ပို့ချ၍ ပေးအပ်တော်မူပြီး ငါအရှင်မြတ်ကို စိုးရွံ့ ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြရန် သို့တည်းမဟုတ် သူတို့အတွက် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာအဖြစ် ဆွေးနွေးစေ့ဆော်ခြင်းခံရရန်အလို့ငှာ ငါအရှင်မြတ်သည် ယင်း (ကျမ်းတော်) ၌ (ဆက်စပ်ဖော်ပြထားသော အကြောင်းအရာ အဖုံဖုံနှင့်ရှုထောင့်အသွယ်သွယ်ဖြင့်) သတိပေးနှိုးဆော်ချက်များ ပါဝင်စေလျက် အသေးစိတ်ရှင်းလင်း တင်ပြထားတော်မူ၏။