Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 20 - Ta-Ha
Translation by Alin U Yin — Permalink
Verse 114 — Surah Ta-Ha 20:114
သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် လောကခပ်သိမ်းထက် အထွတ်အထိပ်ဆုံး ပကတိ အချုပ်အခြာ အာဏာအပိုင်ဆုံး ပရမတ္တသစ္စာတရားပင် ဖြစ်တော်မူ၏။ (အို၊ ရစူလ်တမန်တော်၊) အသင်သည် အ သင့်ထံ အရှင့် ဝဟီအမိန့်တော်ထုတ်ပြန်ချမှတ်ပေးအပ်တော်မူခြင်းအား အပြီးသတ် အတည်ပြု ပြဌာန်းတော်မမူမီ (အမိန့်တော်အား အပြီးသတ် ပို့ချပေးအပ်တော်မူသည်အထိ) ကုရ်အာန်ကျမ်းတော်မြတ်နှင့်စပ်လျဉ်း၍ (အမိန့်ပညတ်ချက်များ လက်ခံရရှိရန်နှင့်အာဂုံဆောင်နိုင်ရန်အတွက်) အလျင်စလို မပြုလေနှင့်။ ထို့ပြင် အသင်သည် ''အို၊ ကျွန်တော် မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၌ အသိပညာကို တိုးပွားစေတော်မူပါ။'' ဟု လျှောက်ထားပန်ကြားလော့။