Verse 116 — Surah Ta-Ha 20:116

(သတိရကြလော့။) ငါအရှင်မြတ်သည် မလာအီကာစေတမန်တို့ကို ""အာဒမ်အား ဦးချလော့။"" ဟု မိန့်တော်မူသည့်အခါ အီဗ်လီစ် (ခေါ် စေတန်မိစ္ဆာကောင်) မှအပ သူတို့အားလုံးသည် ဦးချကြ၏။ စေတန် မိစ္ဆာကောင်မူကား (ဦးချခြင်းမပြုဘဲ အမိန့်တော်ကို) သွေဖည်ငြင်းပယ်ခဲ့လေ၏။