Verse 12 — Surah Ta-Ha 20:12

ဧကန်ပင်၊ (အသင့်အား ခေါ်သူမှာ ငါအရှင်မြတ်ပင်ဖြစ်ပြီး) ငါအရှင်မြတ်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်သည် သင့်ကြိုးသိုင်းဖိနပ်ကို ချွတ်လော့။ ဧကန်စင်စစ်၊ အသင်သည် ထူးမြတ်သော ''တွုဝါ'' တောင်ကြားချိုင့်ဝှမ်းအရပ်၌ ရောက်ရှိနေ၏။