Verse 120 — Surah Ta-Ha 20:120

ထို့နောက် စေတန်မိစ္ဆာကောင်သည် အာဒမ်၏စိတ်တွင်းဝယ် (မကောင်းသည့်အကြံဉာဏ် တီးတိုး ပြော လျက်) စေ့ဆော်ဖြားယောင်းကာ “အို၊ အာဒမ်၊ ကျွန်ုပ်သည် အသင့်အား အစဉ်ထာဝရရှင်သန်မှုနှင့်ဆိုင်သော သစ်ပင်ကိုလည်းကောင်း၊ ဆုတ်ယုတ်ပျက်စီးလိမ့်မည်မဟုတ်သော အချုပ်အခြာအာဏာကိုလည်းကောင်း၊ ညွှန်ပြရမည်လော။” ဟု မေးမြန်းခဲ့၏။