Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 20 - Ta-Ha
Translation by Alin U Yin — Permalink
Verse 121 — Surah Ta-Ha 20:121
သို့ဖြစ်ပေရာ သူတို့နှစ်ဦးစလုံးသည် ယင်း (သစ်ပင်) မှ စားသုံးခဲ့ကြလေ၏။ ထိုအခါ သူတို့နှစ်ဦးစလုံး၏ (ယခင်က သတိမထားမိသော) အရှက်အင်္ဂါများသည် သူတို့ရှေ့ဝယ် စတင်ပေါ်သွား (သကဲ့သို့ ယင်းတို့နှင့်စပ်လျဉ်း၍ အာရုံခံစားမှုကို သတိပြုမိ) လေရာ သူတို့၏ (အရှက်များ) အပေါ်တွင် သုခဥယျာဉ်မှ သစ်ရွက်များဖြင့် အလျင်စလို ဖုံးအုပ်ခြင်းကို စတင်ပြုလုပ်ခဲ့ကြလေ၏။ စင်စစ် အာဒမ်သည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (၏အမိန့်တော်) ကို မနာခံ၊ မလိုက်နာခဲ့သောကြောင့် လမ်းမှန်မှ လွဲခဲ့ရလေသည်။