Verse 122 — Surah Ta-Ha 20:122

ထို့နောက် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် အာဒမ်ကို ရွေးချယ်တော်မူခဲ့လေရာ၊ ထိုအရှင်မြတ်သည် သူ့ဘက်သို့ ကရုဏာတော်နှင့်ပြန်လှည့်တော်မူ (၍ သူ၏ ဝန်ချတောင်းပန်မှုကို သဘောတူလက်ခံတော်မူ) ပြီး သူ့ကို တရားလမ်းမှန် ညွှန်ပြတော်မူခဲ့လေသည်။