Verse 126 — Surah Ta-Ha 20:126

(ထိုအခါ) အရှင်မြတ်က “ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာများသည် အသင့်ထံ ရောက်ရှိစေ တော်မူသော်လည်း အသင်သည် (အမြော်အမြင်ရှိပါလျက် ယင်းတို့ကို) ထိုနည်းအတိုင်းပင် မေ့လျော့ ၍ စွန့်ပစ်ထားခဲ့လေ၏။ ထိုကဲ့သို့ပင် ယနေ့ အသင်သည်လည်း ဥပေက္ခာပြုမေ့လျော့ခြင်းကိုခံရခြင်း ဖြစ်၏။