Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 20 - Ta-Ha
Translation by Alin U Yin — Permalink
Verse 130 — Surah Ta-Ha 20:130
သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့ပြောဆိုနေသမျှနှင့်စပ်လျဉ်း၍ (ဇွဲလုံ့လဝီရိယဖြင့်) သည်းခံကြံ့ခိုင်လော့။ ထို့ပြင် အသင်သည် အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုရရှိရန် (နှင့်အရှင်မြတ်ချီးမြှင့်ပေးအပ်တော်မူသမျှဖြင့် တင်းတိမ်ရောင့်ရဲနိုင်ရန်အလို့ငှာ) နံနက်နေမထွက်မီနှင့်ညနေနေမဝင်မီလည်းကောင်း၊ ညအချိန်များနှင့်နေ့၏အစွန်အဖျားများ၌လည်းကောင်း၊ သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ (အရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းတို့ကြောင့်) သန့်ရှင်းစင်ကြယ် တော်မူကြောင်းကို ဂုဏ်တင်ကြလော့။