Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 20 - Ta-Ha
Translation by Alin U Yin — Permalink
Verse 131 — Surah Ta-Ha 20:131
ထို့ပြင် ငါအရှင်မြတ်က (မယုံကြည်သူများအပါအဝင် လူသားများဖြစ်ကြသော) သူတို့အနက်မှ ထိုလောကီဘဝ၌ စမ်းသပ်တော်မူရန်အလို့ငှာ (အကောင်းနှင့်အဆိုး ဆင်းရဲချမ်းသာ စသော) ဆန့်ကျင်ဘက်စုံတွဲများကို လောကီဘဝသက်တမ်း၏ခံ့ညားထည်ဝါမှုအဖြစ် ဖြစ်စေတော်မူပြီး ယင်းနှင့်အတူ လောကီအကျိုးခံစားခွင့်များဘက်သို့ အသင် (တမန်တော်) ၏ မျက်စိများကို အားစိုက်၍ မကြည့်မိစေနှင့်။ အမှန်မှာ အသင့်အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ (ချီးမြှင့်ထောက်ပံ့တော်မူထားသော) စားနပ်ရိက္ခာ (နှင့်အခြားလိုအပ်ချက်များဆိုင်ရာ နိယာမတရားများ) သည်သာလျှင် ကောင်းမြတ်ဆုံးနှင့်အတည်တံ့ အမြဲမြံဆုံးပင် ဖြစ်၏။