Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 20 - Ta-Ha
Translation by Alin U Yin — Permalink
Verse 132 — Surah Ta-Ha 20:132
ထို့ပြင် သင်၏မိသားစုနှင့်အသိုင်းအဝိုင်းကို ဆွလာတ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းစည်းကမ်းနှင့်အညီ မြဲမြံစွာ) ဆောက်တည်စေရန် အမိန့်ပေးတိုက်တွန်းနှိုးဆော်လော့။ ထို (ရပ်တည်ချက်) အပေါ်တွင် (ဇွဲ၊ လုံ့လ၊ ဝီ ရိယဖြင့် မယိမ်းမယိုင် တည်ကြည်မြဲမြံစွာ) သည်းခံကြံ့ခိုင်လော့။ ငါအရှင်မြတ်သည် အသင့်ထံတွင် စားနပ်ရိက္ခာ ကို တောင်းခံတော်မူမည် မဟုတ်ပေ။ ငါအရှင်မြတ်သည်သာလျှင် အသင့်အား စား နပ်ရိက္ခာ (နှင့်အခြားအသက်ရှင် ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်အားလုံး) ကို ချီးမြှင့် ဖြည့်ဆည်း ပေးတော်မူ၏။ အမှန်စင်စစ် (တပ်မက်စရာ ကောင်းသော) နောက်ဆုံးအကျိုးဆုလဒ်သည် မွတ္တကီ (ခေါ် အရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်း တော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) တို့အတွက်သာ ဖြစ်၏။