Verse 134 — Surah Ta-Ha 20:134

ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် သူတို့အား ထို (တမန်တော်မုဟမ္မဒ်နှင့်ကျမ်းတော်မြတ်ကုရ်အာန်) မတိုင်မီ ပြစ်ဒဏ် တစ်စုံတစ်ရာဖြင့် တိမ်ကောပျက်စီးစေတော်မူခဲ့လျှင် သူတို့က ''အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အဘယ်ကြောင့် ကျွန်တော်မျိုးတို့ထံ ရစူလ်တမန်တော် တစ်ပါးပါးကို စေလွှတ်တော်မမူခဲ့ပါသနည်း။ သို့ (စေလွှတ်တော်မူခဲ့) လျှင် ကျွန်ုပ်တို့သည် ဂုဏ်အသရေ နိမ့်မကျကြမီနှင့်အရှက်တကွဲ မဖြစ်ကြမီ အသင် (အရှင်မြတ်၏) အာယသ်သက်သေလက္ခဏာတော်များကို လိုက်နာကြမည်သာ ဖြစ်၏။'' ဟု ပြောဆိုကြပေမည်။