Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 20 - Ta-Ha
Translation by Alin U Yin — Permalink
Verse 14 — Surah Ta-Ha 20:14
ဧကန်ပင်၊ ငါအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူပြီး (သက်ရှိသက်မဲ့အားလုံးကို ဖွဲ့စည်းဖြစ်တည်စေတော်မူလျက် လိုအပ်သည့် နိယာမတရားများနှင့်စည်းစနစ်များကိုလည်း ဖွံဖြိုးစေတော်မူသောအရှင် ဖြစ်တော်မူရုံသာမက မည်သည့်အရာကိုမျှ မမှီခိုဘဲ တစ်ပါးတည်း ပကတိရပ်တည်နေတော်မူသော အရှင်ဖြစ်တော်မူသောကြောင့်) ထိုအရှင်မှအပ အခြား (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်ကိုးကွယ်ထိုက်သော) အရှင်ဟူ၍ အလျှင်း မရှိပေ။ သို့ဖြစ်ပေရာ ငါအရှင်မြတ်ကိုသာလျှင် နာခံကိုးကွယ်လော့။ ထို့ပြင် ငါအရှင်မြတ် အား သတိရ တသ၍ ဖွင့်ဟနိုင်ရန်အလို့ငှာ ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြဲမြံစွာ) ဆောက်တည်လော့။