Verse 39 — Surah Ta-Ha 20:39

(တမန်တော်မူဆာ၏မိခင်အား) “အသင်မသည် မူဆာအား သေတ္တာထဲသို့ ထည့်လော့။ ထို့နောက် ယင်း (သေတ္တာ) ကို မြစ်ရေ၌ မျှောချလော့။ ထိုအခါ ထိုမြစ်ရေသည် ယင်းကို ကမ်းခြေသို့ (သောင်တင်) ဆိုက် ရောက်စေမည်။” (အမိန့်တော်အား အာရုံထဲ၌ ဖြစ်စေတော်မူသည့်အတိုင်း ပြုခဲ့သော်) ငါအရှင်မြတ်၏ရန်သူလည်းဖြစ်၊ သူ၏ရန်သူလည်း ဖြစ်သောသူသည် မူဆာကို (ရေထဲမှ) ဆယ်ယူလိမ့်မည်။” (ဟု သူမ ၏အာရုံထဲ၌ ဖြစ်ပေါ်စေတော်မူ၏။) ထို့နောက် ငါအရှင်မြတ်သည် (အသင့်အား မြင်သူတိုင်း ချစ်ခင်အံ့သောငှာ) အသင် (တမန်တော် မူဆာ) အပေါ်၌ အရှင့်ထံတော်မှ ချစ်ခြင်းမေတ္တာကို သက်ရောက် (တည် တံ့) စေတော်မူပြီး ငါအရှင်မြတ်၏မျက်မှောက်တော်၌ပင် (အစစအရာရာ၌ အကာအကွယ်ရ စေတော်မူလျက်) လူလားမြောက်အောင် ကျွေးမွေး သုတ်သင်စေတော်မူခဲ့၏။