Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 20 - Ta-Ha
Translation by Alin U Yin — Permalink
Verse 47 — Surah Ta-Ha 20:47
သို့ဖြစ်ပေရာ အသင်တို့နှစ်ဦးသည် သူ့ထံသို့ သွားကြပြီးလျှင် သူတို့အား ဧကန်ပင်၊ ကျွန်ုပ်တို့သည် အသင်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ထံတော်မှ (စေလွှတ် တော်မူသော) ရစူလ်တမန်တော်နှစ်ပါးပင် ဖြစ်ကြ၏။ သို့ဖြစ်ပေရာ အသင်သည် အစ္စရေးမျိုးနွယ်ဝင် တို့အား ကျွန်ုပ်နှင့်အတူ (လွတ်လပ်စွာ) ထွက်သွားခွင့်ပေးလော့။ ထို့ပြင် သူတို့အား (ဆက်လက်၍) ညှင်း ပန်းနှိပ်စက်ခြင်း မပြုလေနှင့်။ ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အထံတော်မှ အာယသ်သက်သေလက္ခဏာတော်များနှင့်အတူ (အ သင့်ထံ) ရောက်ရှိလာခဲ့ပြီး ဖြစ်၏။ စင်စစ် (ပေါက်မြောက်အောင်မြင်၍ လုံခြုံအေးချမ်းစေမည့်) ငြိမ်းချမ်းမှုသည် တရားလမ်းမှန်ကို လိုက်နာ ကြသူအပေါ်၌သာ သက်ရောက်မည် ဖြစ်၏။