Verse 50 — Surah Ta-Ha 20:50

(ထိုအခါ တမန်တော်) မူဆာက ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်၍ ပြုစုပျိုးထောင်စေတော်မူသော အရှင် မြတ်သည် အရာခပ်သိမ်းတို့ကို (ယင်းတို့၌ရှိသင့်သည့် ဝိသေသလက္ခဏာစရိုက် ဂုဏ်သတ္တိကိုယ်စီ) ပင်ကိုယ်စရိုက်ကိုယ်စီ ချီးမြှင့်ပေးအပ်တော်မူလျက် ဖွဲ့စည်းဖြစ်တည်စေတော်မူပြီနောက် (ယင်းတို့ကိုယ်စီ၏တည်ရှိမှုဆိုင်ရာ ရည်ရွယ်ချက်နှင့်ပန်းတိုင်နှင့်စပ်လျဉ်း၍) လမ်းညွှန်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။