Verse 52 — Surah Ta-Ha 20:52

တမန်တော်မူဆာက “ထို (ရှေးခေတ်မျိုးဆက်တို့၏လုပ်ရပ်များ) နှင့်ပတ်သက်သော အသိသည်ကား ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ရှိသော မှတ် တမ်းစာအုပ်တွင် မှတ်တမ်းတင်ထားတော်မူပြီဖြစ်၍ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (မည်သည့်အရေးကိစ္စကိုမျှ) လွဲမှားစွာ ပြုတော်မမူသည့်အပြင် (မည်သည့်အခြေ အနေမျိုး၌ပင်ဖြစ်စေ တရားမျှတခြင်းကို) မေ့လျော့တော်မူသည်လည်း မဟုတ်ချေ။