Verse 54 — Surah Ta-Ha 20:54

(မိုးရေအားဖြင့် ပေါက်ပွားထွက်ပေါ်စေတော်မူသော ထိုကောက်ပဲသီးနှံမျိုးစုံနှင့်သဘာပေါက်ဝင်တို့မှ သန့်ရှင်သည့်စားနပ်ရိက္ခာများကို) အသင်တို့ စားသုံးကြလော့။ ထို့ပြင် ကျွဲနွားအစရှိသော တိရစ္ဆာန်များကိုလည်း စားကျက်များတွင်လွှတ်ထား၍ ကျွေးမွေးကြလော့။ ဧကန်စင်စစ် ထိုသို့ (မြက်ပင်၊ နွယ်ပင်၊ ဆေးဖက်ဝင် အပင် များအပါအဝင် သဘာဝပေါက်ပင်များနှင့်ကောက်ပဲသီးနှံအမျိုးမျိုးကို) ပေါ်ထွန်းစေတော်မူခြင်း၌ ဘက်လိုက်မှု မတရားမှုနှင့်အမှန်တရားကိုဖီဆန်မှုကင်းရှင်းသော ပညာရှင်များအတွက် အာယသ်သက်သေလက္ခဏာတော်များ ရှိ၏။