Verse 61 — Surah Ta-Ha 20:61

(ထိုအခါ ဖါရိုမင်း၏မှော်ပယောဂကျွမ်းကျင်သော ပညာရှင်များအား သူတို့နောင်တမရမီ သတိပေးသည့် အနေဖြင့် တမန်တော်) မူဆာက သူတို့အား “သင်တို့ ဒုက္ခလှလှတွေ့ရလိမ့်မည်။ သင်တို့သည် (အရှင့်သက်သေ တော်များကို မှော်ပယောဂပညာဟု မှတ်ယူခြင်း တမန်တော်မူဆာက သင်တို့အား နယ်မြေဒေသမှ နှင်ထုတ်မည်။” ဟု ဝါဒဖြန့်ခြင်း ရုပ်တုဆင်းပွားများကို ယုံကြည်ကိုးကွယ်ခြင်းဖြင့်) မုသားကိုလီ ဆယ်ဖန်တီး၍ အလ္လာဟ်အ ရှင်မြတ်အပေါ်၌ အပြစ်ပုံမချ ကြလေနှင့်။ သို့ပြုခဲ့ကြလျှင် အရှင်မြတ်သည် သင်တို့အား ပြစ်ဒဏ်ပေးတော် မူခြင်းအားဖြင့် လုံးဝ ပျက်စီးစေတော်မူမည်။ အမှန်စင်စစ်သော်ကား မုသားကိုလီဆယ်ဖန်တီးသူ မည်သူမဆိုသည် (မျှော်လင့်သည့်အတိုင်း အထမမြောက်ဘဲ) ပျက်စီးကိန်းနှင့်သာ ကြုံရစမြဲ ဖြစ်၏။