Verse 62 — Surah Ta-Ha 20:62

(တမန်တော်မူဆာ၏သတိပေးမှုကြောင့် ဖါရိုမင်း၏အကြံပေးများနှင့်မှော်ဆရာအချို့သည် စိတ်ပြောင်းလဲ လာခဲ့၏။) ထို့နောက် သူတို့သည် သူတို့၏စီမံချက်အရေးကိစ္စနှင့်စပ်လျဉ်း၍ အချင်းချင်း ငြင်းခုံလျက် သဘောထားကွဲလွဲလာကြပြီး သူတို့၏အရေးပေါ်အတွင်းရေးဆွေးနွေးမှုကို သိုသိုသိပ်သိပ် ဆွေးနွေးတိုင်ပင် ခဲ့ကြ၏။