Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 20 - Ta-Ha
Translation by Alin U Yin — Permalink
Verse 69 — Surah Ta-Ha 20:69
(သို့ဖြစ်ပေရာ) အသင်သည် အသင့်ညာလက်၌ရှိသောအရာ (တောင်ဝှေး) ကို ပစ်ချလော့။ ယင်း (တောင်ဝှေး) သည် သူတို့ ကြံစည်ဖန်တီး၍ သရုပ်ဖော်ထားသမျှကို ဝါးမျိုလိမ့်မည်။ စင်စစ် သူတို့ကြံစည်ဖန် တီး၍ သရုပ်ဖော်ထားသမျှသည် မှော်အတတ်ပညာ၏ပရိယာယ်လှည့်ဖြားမှု မျှသာဖြစ်၏။ အမှန်စင်စစ် မှော်ပယောဂ ဆရာတစ်ဦးသည် မည်သည့်နေရာသို့ (မည်သည့်ရည်မှန်းချက်ဖြင့် ရုန်းကန်) သွားလာစေကာမူ သူသည် မည်သည့်အခါမျှ ပေါက်မြောက်အောင်မြင်လိမ့်မည် မဟုတ်ချေ။