Verse 70 — Surah Ta-Ha 20:70

(သူတို့သရုပ်ဖော်ထားသမျှကို တမန်တော်မူဆာ၏တောင်ဝှေးက ဝါးမျိုသည်ကို မျက်ဝါးထင်ထင်တွေ့ ခဲ့ပြီးနောက်) မှော်ဆရာများသည် ဦးချသည့်အနေအထားဖြင့် မှောက်ခုံ၍ “ကျွန်ုပ်တို့သည် (တမန်တော်) မူဆာနှင့်ဟာရူန်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို သက်ဝင်ယုံကြည် ကြပါပြီ။” ဟု ပြောဆိုခဲ့ကြလေ၏။