Verse 71 — Surah Ta-Ha 20:71

(ထိုအခါ) ဖါရိုမင်းက “အသင်တို့သည် သင်တို့အား ကျွန်ုပ်ခွင့်မပြုမီပင် သူ့ကို (တမန်တော်မူဆာကို) ယုံကြည်ကြလေသလော။ ဧကန်စင်စစ်၊ သူသည်ကား အသင်တို့ကိုပါ မှော်အတတ်ပညာ သင်ကြားပေးခဲ့သော အကြီးဆုံး (အာစရိယဆရာသခင်) ပင် ဖြစ်၏။ သို့ဖြစ်ပေရာ ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့၏လက်များနှင့် ခြေများကို (ဘယ်ညာ) ဘက်လွှဲ၍ အမှန်ပင်ဖြတ်တောက်ပြီးနောက် စွန်ပလွံပင်များ၏ပင် စည်၌ (လက်ဝါးကပ် တိုင်ပြုလုပ်၍) သင်တို့ကို ကားစင်ပေါ်သို့ မုချပင် တင်လိမ့်မည်။ သို့မှသာ ကျွန်ုပ်တို့အနက်မှ မည်သူ၏ပြစ် ဒဏ်သည်ပို၍ ပြင်းထန်ပြီး ရေရှည်တည်တံ့မည်ဖြစ်ကြောင်း ကို သင်တို့ အမှန်ပင် သိကြလိမ့်မည်။” ဟု ကြုံးဝါး ပြောဆိုခဲ့လေ၏။