Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 20 - Ta-Ha
Translation by Alin U Yin — Permalink
Verse 72 — Surah Ta-Ha 20:72
မှော်ဆရာများက (ဖါရိုမင်းအား) “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏မူလဇစ်မြစ်ကို စတင်ဖွဲ့စည်းဖြစ်တည်စေ တော်မူသောအရှင်မြတ်နှင့် (ထိုအရှင့်ထံတော်မှဖြစ်ပြီး သက်သေအထောက်အထားများပါဝင်သည့်) မြင် သာထင်ရှားသော ရှင်းလင်းချက်များထက် အသင် (ဖါရို) အား မည်သည့်နည်းနှင့်မျှ ပိုမိုနှစ်သက်ကြလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ပေရာ သင်သည် စီရင်ပြဋ္ဌာန်းလိုသည်ကိုသာ (စိတ်ကြိုက်) စီရင်ပြဋ္ဌာန်းလော့။ သို့သော် အသင်သည် ဤလောကီဘဝသက်တမ်းအတွက်သာ စီရင်ပြဌာန်းနိုင်မည် ဖြစ်၏။