Verse 73 — Surah Ta-Ha 20:73

ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ကို သက်ဝင်ယုံကြည်လာပြီဖြစ်၍ ကျွန်ုပ်တို့၏ (ယခင်က မသိနားမလည်ဘဲ ကျူးလွန်ခဲ့သော) ပြစ်မှုများနှင့်မှော်အတတ်ပညာအတွက် ကျွန်ုပ်တို့အား အတင်းအဓမ္မခိုင်းစေခြင်း​ကြောင့် ယင်းအပေါ် အခြေခံ၍ လုပ်ခဲ့သမျှကို ထိုအရှင်မြတ်က ခွင့်လွှတ် ချမ်းသာပေးတော်မူရန် မျှော်ကိုးပါ၏။ စင် စစ်မှာမူကား အလ္လာဟ်အရှင် မြတ်သည်သာလျှင် အမွန်မြတ်ဆုံးနှင့်အစဉ်ထာဝရ တည်ရှိမြဲအတိုင်း ပကတိတည်တံ့တော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။