Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 20 - Ta-Ha
Translation by Alin U Yin — Permalink
Verse 76 — Surah Ta-Ha 20:76
(ထိုသူတို့အတွက်ချီးမြှင့်တော်မူမည့်) သုခဥယျာဉ်များသည် အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေပြီး ထာဝစဉ်တည်တံ့သည့်အပြင် ထိုထဲတွင် အစဉ်ထာဝရကာလအကန့်အသတ်မဲ့ နေထိုင်ကြရမည့် သုခဥယျာဉ်များပင် ဖြစ်ကြ၏။ စင်စစ် ထိုသို့သော အကျိုးဆက်သည် (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ ဖြောင့် မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သူတို့၏နာမ်ရေးရာကို) စင်ကြယ်သန့်ရှင်းစေသူတို့၏အကျိုး ဆက်ပင် ဖြစ်၏။