Verse 78 — Surah Ta-Ha 20:78

ထို့နောက် ဖစ်ရ်အောင်န်သည် သူ့စစ်တပ်နှင့်အတူ (ချီတက်လာ၍ တမန်တော်မူဆာ၏နောက်လိုက်များ ဖြစ်ကြသော) သူတို့၏နောက်သို့ လိုက်လာခဲ့လေရာ၊ ပင်လယ်မှရေ (လှိုင်း) များသည် (ဖါရိုနှင့်သူ့စစ်တပ် ဖြစ်ကြသော) သူတို့အား အပြီးသတ်လွှမ်းမိုးချေမှုန်းသည့်အနေအထားဖြင့် ဖုံးလွှမ်း၍ နစ်မြုပ်စေခဲ့လေ၏။