Verse 81 — Surah Ta-Ha 20:81

သင်တို့သည် ငါအရှင်မြတ်က အသင်တို့အား ချီးမြှင့်ပေးအပ်တော်မူသည့် စားနပ်ရိက္ခာများအနက်မှ (တရားဝင်ခွင့်ပြုထား၍ ကျန်းမာရေးနှင့်ညီညွတ်သော) စင်ကြယ်သန့်ရှင်းရာ (စားသောက်ဖွယ်ရာများ) ကို စားသုံးကြလော့။ သို့ရာတွင် အသင်တို့သည် (တရားဝင်ခွင့်ပြုထားသောအရာများကို အလွဲသုံးစားပြုခြင်း၊ ဖြုန်း တီးခြင်း၊ တရားမဝင်သော နည်းဖြင့်ရယူခြင်းစသည်ဖြင့်) ယင်းနှင့်စပ်လျဉ်း၍ အရှင့်စည်းဘောင်ကို ကျူးလွန် ဖောက်ဖျက်ခြင်း မပြုကြလေနှင့်။ သို့ကျူးလွန်ခဲ့သည်ရှိသော် ငါအရှင်မြတ်၏ (မေတ္တာကရုဏာတော်မှ ကင်းဝေးစေမည့်) အမျက်တော်သည် အသင်တို့အပေါ်၌ သက်ရောက် မည်ဖြစ်၏။ စင်စစ်မူကား မည်သူမဆို သူ့အပေါ်၌ ငါအရှင်မြတ်၏ (မေတ္တာကရုဏာတော်မှ ကင်းဝေးစေမည့်) အမျက်တော် သက်ရောက် (စေတော်မူရန် ပြုမူကျင့်ကြံ) လျှင် ဧကန်ပင်၊ ထိုသူသည် (မိမိကိုယ်ကို) ပျက်ကိန်းရောက်စေခြင်းသာ ဖြစ်မည်။