Verse 86 — Surah Ta-Ha 20:86

ထို့နောက် တမန်တော်မူဆာသည် သူ့လူမျိုးတို့ထံသို့ အမျက်ထွက်လျက် ဝမ်းနည်းပူဆွေးစွာဖြင့် ပြန်လာခဲ့ ပြီးလျှင် အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အသင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (သင်တို့၏လောကီလောကုတ္တရာ နှစ်ဌာနစလုံး၌ ပျော်ရွှင်ချမ်းမြေ့မှုရနိုင်သည့် တောင် ရတ်ကျမ်းတော်ချီးမြှင့်တော်မူ၍ အခြေချနေထိုင်ခွင့်လည်း ပေးအပ်တော်မူမည်ဟု) သင်တို့ကို ကောင်းမြတ်သော ကတိထားတော်မူခဲ့သည် မဟုတ်လော။ (သို့သော် ကျွန်ုပ်မရှိခိုက်တွင်) သင်တို့အပေါ် ထားရှိတော်မူသည့် ကတိတော်ဆိုင်ရာသတ်မှတ်ချိန်မှာ (သင်တို့အတွက် အလွန်ပင်) ကြာရှည်ဝေး ကွာနေပြီ။” ဟု ထင်မြင်သလော။ သို့တည်းမဟုတ် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ (မေတ္တာကရုဏာတော်ကို ကင်းဝေးစေသည့် ပြစ်တင်ရှုတ်ချမှုနှင့်) အမျက်တော်သည် သင်တို့အပေါ် သက်ရောက်စေရန် သင်တို့ရည်ရွယ်သောကြောင့် ပဋိညာဉ်ကတိကို ဖောက်ဖျက်ကျူးလွန်ကြလေသလော။