Verse 87 — Surah Ta-Ha 20:87

(တမန်တော်မူဆာ၏လူမျိုးဖြစ်သော) သူတို့က “ကျွန်ုပ်တို့သည် အသင်နှင့်ထားရှိခဲ့သော ကတိကို ကျွန်ုပ် တို့၏အလိုသဘောအရ (ရည်ရွယ်ချက်ရှိရှိ) ဖောက်ဖျက်ခဲ့ကြသည်မဟုတ်ပေ။ သို့ရာတွင် ကျွန်ုပ်တို့ သည် ကျွန်ုပ် တို့လူမျိုးတို့၏လောကီအကျိုးခံစားခွင့်များအနက်မှ (ပြစ်မှုကျူးလွန်စေသော အထုပ်အပိုးဖြစ်သည့်) လက်ဝတ် လက်စားများကိုလည်း သယ်ပိုးယူဆောင်လာခဲ့ကြ၏။ သို့ဖြစ်ပေရာ ကျွန်ုပ်တို့ သည် (စာမိရီ၏နှိုးဆော်တိုက်တွန်းချက်ကြောင့်) ထိုလက်ဝတ်လက်စားများကို (ဖယ်ရှားရှင်းထုတ်သည့် အနေဖြင့် မီးထဲသို့) ပစ်ချခဲ့ကြသည်။ ထို့နောက် စာမိရီသည်လည်း ထိုနည်းအတိုင်းပင် ပစ်ချခဲ့လေသည်။