Verse 89 — Surah Ta-Ha 20:89

ထိုနွားငယ်ရုပ်တုသည် သူတို့အား စကားတစ်ခွန်းကိုပင် ပြန်လည်ချေပပြောဆို နိုင်စွမ်းမရှိကြောင်း၊ သူတို့အတွက် မည်သည့် ထိခိုက်နစ်နာမှုကိုဖြစ်စေ၊ မည်သည့်အကျိုးအမြတ်ကိုဖြစ်စေ၊ ဖြစ်ပေါ်စေနိုင်သော အခွင့်အာဏာနှင့်စွမ်းဆောင်ရည် မရှိကြောင်းကို သူတို့မတွေးမြော် မသုံးသပ်ကြလေသလော။