Verse 90 — Surah Ta-Ha 20:90

(အမှန်မှာ တမန်တော်မူဆာ ပြန်လည်ရောက်မလာမီ) ထိုမတိုင်မီ တမန်တော်ဟာရူန်ကလည်း ''အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ဧကန်ပင်၊ သင်တို့သည် ယင်း (နွားငယ်ရုပ်တု) ဖြင့် (သင်တို့၏ယုံကြည်မှု စွမ်းရည်တိုး မြှင်စေရန်) အစမ်းသပ်ခံနေကြရပြီ။ (သင်တို့မမေ့သင့်သည်မှာ) မုချဧကန် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အနန္တကရုဏာတော်ရှင်ပင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ သင်တို့သည် ကျွန်ုပ်၏နောက်သို့သာ လိုက်၍ ကျွန်ုပ်၏အမိန့်ညွှန်ကြားချက်များကိုသာ နာခံလိုက်နာကြလော့။” ဟု ဟောပြောခဲ့သည်။