Verse 91 — Surah Ta-Ha 20:91

(ထိုစဉ် နွားငယ်ရုပ်တုကို အယူထား၍ ယုံကြည်ကိုးကွယ်နေကြသော) သူတို့က “ကျွန်ုပ်တို့သည် ကျွန်ုပ် တို့ထံ တမန်တော်မူဆာ ပြန်လာသည်အထိ ယင်း (နွားငယ်ရုပ်တု) အပေါ်၌ သစ္စာရှိရှိမြုပ်နှံလျက် (ယင်းအား ကိုးကွယ်ခြင်းကို မည်သည့်နည်းနှင့်မျှ) ရပ်တန့်လိမ့်မည်မဟုတ်ဟု ပြောကြားခဲ့ကြ၏။