Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 20 - Ta-Ha
Translation by Alin U Yin — Permalink
Verse 94 — Surah Ta-Ha 20:94
(ထိုစဉ် တမန်တော်) ဟာရူန်က “အို၊ အမေ၏သား၊ အသင်သည် ကျွန်ုပ်၏မုတ်ဆိတ်ကိုလည်းကောင်း၊ ကျွန်ုပ်၏ဦးခေါင်းကိုလည်းကောင်း၊ ဆွဲကိုင်ခြင်း မပြုပါလေနှင့်။ ဧကန်မလွဲ၊ ကျွန်ုပ်သည် အသင်က ကျွန်ုပ်အား “အသင်သည် ကျွန်ုပ်၏ပြောဆိုချက် (ညွှန်ကြားချက်) ကို မလေးစား မလိုက်နာဘဲ အစ္စရေးမျိုးနွယ်ဝင်တို့ အချင်းချင်းကြားတွင် သွေးကွဲအောင်ပြုခဲ့သည်။” ဟု ပြောဆိုမည်ကို စိုးရိမ်မိ (သောကြောင့် ငြိမ်းချမ်းသောနည်း လမ်းဖြင့်သာလျှင် တားမြစ်၍ အင်အား မသုံးခဲ့ခြင်း ဖြစ်) ၏။” ဟု ဖြေဆိုခဲ့သည်။