Verse 97 — Surah Ta-Ha 20:97

(သို့ဖြစ်ပေရာ တမန်တော်မူဆာက စာမိရီအား) “အသင်သည် (ဤနေရာမှ) ထွက်သွားလော့။ ဧကန်အမှန်၊ သင့်အတွက် ဤလောကီဘဝသက်တမ်း၌ (ခံစားစေမည့် ပြစ်ဒဏ်သည်ကား လူမှုရေးအရ သပိတ် မှောက်ခြင်းခံစေရန်ဖြစ်၍ တစ်ဦးတစ်ယောက်က အသင့်အနားသို့ ချဉ်းကပ်လာလျှင် သူတို့ကို) “ကျွန်ုပ်အား မည်သူမျှ မထိရ။” ဟု ပြောဆိုရန်ပင် ဖြစ်ပေသည်။ ထို့ပြင် (နောင်တမလွန်ဘဝ၌လည်း) မည်သည့်နည်းနှင့်မျှ ရှောင်လွှဲနိုင် မည်မဟုတ်သော (ပြစ်ဒဏ်ကို) ဧကန်ပင်၊ သင့်အတွက် ကတိထားတော်မူသည့် ပြဌာန်းချက်တစ်ခုအဖြစ် ရှိစေ၏။ ထို့ပြင် အသင်သည် (စဉ်ဆက်မပြတ် စွဲလမ်းလျက်) နစ်မြုပ်ထားရသည့် သင်၏ကိုးကွယ်ရာများကို ရှုမြင် သုံးသပ်ကြည့်လော့။ ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် ယင်းတို့ကို လောင်ကျွမ်းစေပြီးနောက် အမှန်ပင် အမှုန်များ အဖြစ် ပင်လယ်ရေပြင်ထဲ၌ ဖြန့်ကြဲလျက် ကျန်ရစ်စေတော်မူမည် ဖြစ်၏။