Verse 98 — Surah Ta-Ha 20:98

ဧကန်စင်စစ်၊ သင်တို့၏ကိုးကွယ်ရာအရှင်သခင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းလောကခပ်သိမ်းကို နတ္တိမှ တည်ရှိမှုသို့ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်ဖြစ်၍) ထိုအရှင်မြတ်မှအပ အခြားမည်သည့်သက်ရှိသက်မဲ့မျှ ကိုးကွယ်ရာအရှင် မဖြစ်နိုင်ပေ။ ထိုအရှင်မြတ်သည် အရှင့်ဉာဏ်တော် အနန္တဖြင့် အရာခပ်သိမ်းတို့ကို လွှမ်းခြုံလျက် ရှိတော်မူ၏။