Verse 99 — Surah Ta-Ha 20:99

(ငါအရှင်မြတ်သည် အသင်၏ရှေ့ဝယ် ယခင်က လွန်လေပြီးသော စံနမူနာယူဖွယ်ရာ) ဖြစ်စဉ်များ၏သတင်းအချက်အလက်များနှင့်အကြောင်းအရာများကို ထိုကဲ့သို့ပင် ပြန်ပြောင်း မိန့်ကြားတော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား အရှင့်ထံတော်မှ သတိရတသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကုရ်အာန်ကျမ်းတော်မြတ်) ကို ချီးမြှင့်ပေးအပ်တော်မူ၏။