Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 10 — Surah Al-Hajj 22:10

ထိုသို့ပြစ်ဒဏ်ခံစားစေခြင်းမှာ သင်၏လက်များဖြင့် (ထိုပြစ်ဒဏ်မျိုးနှင့်ထိုက် ထန်သည့်လုပ်ရပ်များကို ကျူးလွန်၍ တမလွန်ရှိ အရှင့်တရားခွင်သို့) ကြိုတင်ပို့ထားသောကြောင့်ဖြစ်ပြီး (နှလုံးသွင်းသင့်သည်မှာ) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံလူသားများနှင့်စပ်လျဉ်း၍ အရှင့်စည်းမျဉ်းဘောင်များကို ကျော်လွန်၍ မတော်မတရား ပြစ်ဒဏ်ပေးခြင်း အလျှင်း မရှိပေ။