Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 22 - Al-Hajj
Translation by Alin U Yin — Permalink
Verse 11 — Surah Al-Hajj 22:11
ထို့ပြင် လူတို့အနက် (များစွာသောသူတို့သည် တရားတော်၏စည်းမျဉ်းဘောင်) အစွန်အဖျား၌ (ရပ်တည် ၍) အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကိုးကွယ်သူ လည်းရှိ၏။ သို့ဖြစ်ပေရာ အကယ်၍ ထိုသူ၌ ကောင်းကျိုးချမ်းသာ တစ်စုံတစ်ရာ သက်ရောက်ခဲ့သည်ရှိသော် ထိုသူသည် ထိုအခြေအနေကို ဘဝင်ကျလျက် အားရကျေနပ်၏။ သို့ရာတွင် အကယ်၍ ထိုသူ၌ စမ်းသပ်မှု တစ်စုံတစ်ရာ သက်ရောက်ခဲ့မှု ထိုသူသည် (ထိုစည်းဘောင်မှ) မျက်နှာလှည့် (၍ အခြားအရာကို မျှော်ကိုးလို) ၏။ ထိုသူသည် ဤလောကီဘဝနှင့်နောင် တမလွန်ဘဝကိုပါ လက်လွတ်ဆုံးရှုံးခဲ့လေသည်။ ထိုသို့ပင် ယင်းသည် မြင်သာထင်ရှားသော ပျက်စီးဆုံးရှုံးမှုပင် ဖြစ်၏။