Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 13 — Surah Al-Hajj 22:13

(အမှန်စင်စစ်) ထိုသူက (အားကိုးတကြီး) ဆုတောင်းပန်းကြားနေသော (သူ့ကိုးကွယ်ရာဖြစ်သော) ယင်းအရာသည် သူ့အား ကောင်းကျိုးထက် ဆိုးကျိုးပြုရန်သာ ပိုမို၍ နီးစပ်၏။ စင်စစ် (ထိုဆုတောင်းပန်ကြား ခြင်းခံရသည့် အရာမူကား) အလွန်ယုတ်ညံ့သော ကာကွယ်စောင့်ရှောက်သူနှင့်အလွန်ယုတ်ညံ့သော တွဲဖော် တွဲဖက် အဆွေခင်ပွန်းပင် ဖြစ်၏။