Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 15 — Surah Al-Hajj 22:15

မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ထိုရစူလ်တမန်တော် (မုဟမ္မဒ်) အား ဤလောကီဘဝတွင် (အောင်ပွဲခံရန်) လည်းကောင်း၊ နောင်တမလွန်တွင် (ပေါက်မြောက်အောင်မြင်ရန်) လည်းကောင်း၊ အလျှင်း အကူအညီ ပေးတော်မူမည် မဟုတ်ဟု ထင်မြင်ယူဆလျှင် ထိုသူသည် (အရှင့်ထံတော်မှ တမန်တော်မြတ်ထံ ဝဟီအမိန့် တော်ထုတ်ပြန်ပို့ချတော်မူခြင်းအား ရပ်တန့်စေနိုင်ရန်အတွက်) မိုးကောင်းကင်အထိ ပေါက်ရောက်သည့်နည်းလမ်း အကြောင်းခံတစ်စုံတစ်ခုဖြင့် မိုးကောင်းကင်သို့ ထိုးဖောက်ရန် တိုးချဲ့လုပ်ဆောင်ခွင့်ရပါစေ။ ထို့နောက် သူသည် (သူ့ထိုစီမံကိန်း) ဖြတ်တောက်ရပ်စဲနိုင်သောကြောင့် ယင်းကို စောင့်ကြည့်ခွင့်လည်း ရပါစေ။ သူ၏ထိုစီမံ ကိန်းအကြံအစည်သည် သူ့အားဒေါသဖြစ်သောအရာများကို ဖယ်ရှားစေမည်လော။