Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 17 — Surah Al-Hajj 22:17

ဧကန်ပင်၊ ယုံကြည်သူများ (အရှင်မြတ်ကို ယုံကြည်၍ တမန်တော်မြတ်နောက်လိုက်သော မွတ်စလင် များ)၊ ဂျူးအဖြစ်ကြွေးကြော်သူများ၊ ခရစ်ယာန်များနှင့် (တမန်တော်ခေတ်မတိုင်မီ အခြားယုံကြည်မှု အ ယူဝါဒ များကို ယုံကြည်ခဲ့ကြသော) ဆွာဗအီများ၊ မဂျူစီများ (မီးကိုးကွယ်သူများ) (အခြားသက်ရှိ သက်မဲ့ကို) အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်သူများ စသည့် (မည်သည့်ဘာသာတရား ယုံကြည်မှုအယူအဆကို ယုံကြည်ကိုးကွယ်သူများပင် ဖြစ်စေ) မလွဲဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် သူတို့စပ် ကြားဝယ် (မည်သူတို့က တရားလမ်းမှန်၌ ရှိပြီး မည်သူတို့က လမ်းမှား ရောက်ခဲ့ကြောင်းကို ရှင်းလင်းပြတ် သားစွာ) စီရင်ဆုံးဖြတ်တော်မူမည်ဖြစ်၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် (စည်း မျဉ်းဩဇာတော်ဖြင့် လွှမ်းမိုးတော်မူ၍) (မျက်မြင်ဒိဋ္ဌ) သက်သေသက်ကန် ဖြစ်တော်မူ၏။