Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 18 — Surah Al-Hajj 22:18

ဧကန်မလွဲ၊ မိုးကောင်းကင်များ၌ ရှိသူတို့သည်လည်းကောင်း၊ မြေကမ္ဘာ၌ရှိသူတို့သည်လည်းကောင်း၊ နေ၊ လ၊ ကြယ်တာရာနက္ခတ်များ၊ တောင်များ၊ သစ်ပင်များ၊ လှုပ်ရှားသွားလာနေ သောသတ္တဝါများသည်လည်းကောင်း၊ လူသားတို့အနက်မှ မြောက်များစွာသော သူတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် (၏ စည်းမျဉ်း နိယာမတော်များကို နာခံလိုက်နာရပြီး ထိုအရှင်မြတ်) အား သာလျှင် ဦးချနေကြသည်ကို အသင်သည် မမြင်တွေ့ မသုံးသပ်လေသလော။ သို့ရာတွင် (လူတို့အနက်) မြောက်များစွာသော သူတို့အပေါ်၌ (သူတို့၏လုပ်ရပ်နှင့် ထိုက်တန်သော) ပြစ်ဒဏ်နှင့်ပြစ်တင်ရှုတ်ချမှုသည် အတည်ဖြစ်လေပြီ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ် သည် မည်သူ့ကိုမဆို (သူ၏မယုံကြည်မှုနှင့်ဖီဆန်မှုကြောင့်) ဂုဏ်အသရေယုတ်ညံ့စေ၍ အရှက်ရစေတော်မူလျှင် သူ့အတွက် ဂုဏ်သိက္ခာ ချီးမြှင့်ပေး နိုင်မည့်သူဟူ၍ အလျှင်း မရှိချေ။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသည်ကို ပြုလုပ်တော်မူ၏။