Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 2 — Surah Al-Hajj 22:2

ထိုနေ့တွင် (​တန်လှုပ်ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်များကို) သင်တို့ တွေ့မြင်ကြသည့်အခါ နို့တိုက်သောမိခင်တိုင်းသည် သူမတို့နို့တိုက်လျက်ရှိသော နို့စို့ကလေးများကို (လုံးဝ) မေ့လျော့သွားမည်ဖြစ်၍ ကိုယ်ဝန် ဆောင်တိုင်းသည်လည်း (စိုးရွံ့ထိတ်လန့်ကာ) ကိုယ်ဝန်ပျက်ကျသွားပေမည်။ ထို့ပြင် အသင်သည် လူတို့အား မူးယစ်တွေဝေမိန်းမောနေသူများအဖြစ် တွေ့မြင်ရပေမည်။ စင်စစ်မှာ သူတို့သည် မူးယစ်တွေဝေ မိန်းမောနေသူများ (အလျှင်း) မဟုတ်ကြပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်သည်ကား ပြင်းထန်လှ (သောကြောင့် ထိုသို့ ခံစားနေခြင်းဖြစ်) ၏။