Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 26 — Surah Al-Hajj 22:26

(သတိရကြလော့။) ငါအရှင်မြတ်သည် (တမန်တော်) အီဗ်ရာဟီမ်းအား အထွတ်အမြတ်ဆုံးဗလီ ဝတ် ကျောင်းတော်၏တည်နေရာကို ငါအရှင်မြတ်မှအပ ငါအရှင်နှင့်တွဲဖက်တုပြိုင်၍ အခြားမည်သည့် အရာကိုမျှ ကိုးကွယ်ခွင့်မရှိသောနေရာအဖြစ်သတ်ပေးအပ်တော်မူပြီး ငါအရှင်၏ထိုအိမ်တော်အား (အရှင့်ကို သိစိတ်အပြည့် ဖြင့်) တဝါဖ်လှည့်ပတ်၍ဝတ်ပြုသူများ၊ မတ်တတ်ရပ်၍ဝတ်ပြုသူများ ဦးညွတ်သူများ၊ နှင့်ဦးချသူများအတွက် (ရုပ်ပိုင်းနှင့်နာမ်ပိုင်းဆိုင်ရာ အညစ်အကြေးဟူသမျှမှ) သန့်ရှင်းစင်ကြယ်အောင်ထားရှိရန် တာဝန်ပေးတော်မူ၏။