Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 30 — Surah Al-Hajj 22:30

ထိုကဲ့သို့ပင် (အရှင်မြတ်သည် ဟဂျ်ဝတ်ပြုမှုနှင့်စပ်လျဉ်းသော စည်းမျဉ်းများကို ချမှတ်သတ်မှတ် တော်မူ၏။) စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏မွန်မြတ်သန့်စင်၍ ရိုသေအပ်သော အမိန့်ပညတ် တော်များကို အမြတ်တနိုးထား၍ ကြည်ညိုလေးစားလျှင် ယင်းသည် သူ့အတွက် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏အမြင်တော်၌ အကောင်းဆုံးပင် ဖြစ်သည်။ စင်စစ် သင်တို့အတွက် စားသုံးရန် တရားမဝင်ကြောင်း သင်တို့ရှေ့ဝယ် ဖတ်ကြားဖော်ပြပြီး ဖြစ်သော တိရစ္ဆာန်များ မှအပ ကျန်ခြေလေးချောင်း သတ္တဝါများကို သင်တို့အတွက် တရားဝင် (စားသုံး) ခွင့်ပြုထားပြီးဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် (လွန်စွာ မနှစ်မြို့ဖွယ်ရာဖြစ်သော) ဆင်းတုရုပ်ပွားများကို ကိုးကွယ်ခြင်းတည်းဟူသည့် စက်ဆုပ် ရွံရှာဖွယ်ရာလုပ်မှ ရှောင်ကြဉ်ကြလော့။ ထို့ပြင် (အရှင့် လမ်းညွှန်တော်နှင့်ဆန့်ကျင်၍ မည်သည့်အရာ ကိုမျှ တရားဝင်သည် သို့မဟုတ် တရားမဝင်ပါဟု မပြောဆိုကြလေနှင့်။ မိစ္ဆာဒိဌိပေါ်အခြေခံသော ပြောဆိုမှုနှင့်။) မမှန် မကန်သော အပြောအဆိုအားလုံးကို ရှောင်ကြဉ် ကြလော့။