Back to Languages

Burmese - Chapter 22 - Al-Hajj

Translation by Alin U Yin — Permalink

Verse 31 — Surah Al-Hajj 22:31

(မည်သည့် သက်ရှိသက်မဲ့နှင့်အကြောင်းခံကိုမျှ) အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ခြင်း အလျှင်း မပြုကြဘဲ (အရှင်မြတ်၏စည်းမျဉ်းနိယာမတော်များကို တသွေမတိမ်းလိုက်နာလျက်) အလ္လာဟ်အရှင်မြတ်ကို နာခံကိုးကွယ် ရာ၌ (စိတ်ရင်းစိတ်တနာဖြူစင်မှု) ဖြောင့်မတ်တည်ကြည်မှု အပြည့်ထားရှိလော့။ မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် (နှိုင်းယှဉ်ကိုးကွယ်) လျှင် ထိုသူသည် မိုး ကောင်းကင်မှ ကျလာဘိသကဲ့သို့ပင် ဖြစ်သောကြောင့် သူ့ကို (အသေသားစားသော) ငှက်တိရစ္ဆာန်များက သုတ်ယူရမည်သာ ဖြစ်၏။ သို့တည်းမဟုတ် လေသည် သူအား ဝေးလံသော အရပ် (ရှိ အလွန်ဆိုးဝါးသည့်မြောင်းထဲ) သို့ လွင့်ပါးစေမည်သာ ဖြစ်၏။